Feeds:
Posts
Comments

ပုဂံ ညနေခင်းများ——-

ပေါ်တူဂီ လူမျိုး တွေ ဟာ တရုတ်- အိန္ဒိယ -အာရှ အရှေ့ တောင်ပိုင်း ဒေသ ကျွန်းစုတွေ ဆီ ကုန်သည် တွေ အ ဖြစ်-သာသနာ ပြု တွေ အဖြစ်- ပင်လယ် ဓါးပြ တွေ –အဖြစ်-လှည့်လည် ကျက်စား ခဲ့ကြတယ်—လို့ ပြောပြ ခဲ့ တာ သိထားပြီး— အဲဒီ တုံးက ကမ္ဘာ့ အခြေအနေ တွေကို ပြောပြ ပါ လားဟု ကျမက တောင်းဆိုသောအခါ—

အဲဒီ ကာလ က ဥရောပ တိုက်သား များ ရဲ့ နောက်ခံ သမိုင်း ကို အကြမ်းဖျဉ်း လေ့လာကြည့် တဲ့ အခါ ၊ အာရှ ၊ ဥ ရောပ နှင့် အာဖရိက တိုက်ရဲ့ သုံးမြေဆိုင် မြေထဲ ပင်လယ် ဒေသ တဝိုက်မှာ ထင်ရှား ကျော်ကြားတဲ့ ရောမ အင်ပါယာကြီး ပျက်စီး သွားခဲ့ တဲ့ ၅ ရာစု ခန့်လောက်က စပြီး အမှောင် တိုက် ထဲကို ကျရောက် နစ်မွှန်း နေခဲ့ တဲ့ ဥရောပ တိုက် ဟာ— ၁၄ ရာစုခန့် လောက်မှ ပြန်လည် လွတ်မြောက် ရန် ရုန်းကန် လှုပ်ရှား စ ပြု လာ တယ်– အဲဒီ အချိန်ကာလ က အတိုးတက်ဆုံးဖြစ်တဲ့ အီတလီနိုင်ငံ ၊ ဖလောရင့်စ် ၊ ဗင်းနစ်စ် ၊ ဒေသ တ ဝိုက် က အစ ပြု ပြီး မြန်မာနိုင်ငံ ကို ရောက်ဘူး တဲ့ မြန်မာနိုင်ငံ အကြောင်း ရေးသား ထားကြ တဲ့ ဗင်းနစ်စ် မြို့ သား မာကိုပိုလို ၁၃ ရာစု ၊ အီတလီ နိုင်ငံသား နီကိုယိုဒီ နှင့် ကွန်တီ ၁၅ ရာစုဝန်းကျင် ၊ ဆံတိုစတက်ပင်နို ၁၅ ရာစု ဝန်းကျင် ၊ ရုရှား နိုင်ငံသား နီတင်ကင် ၁၅ ရာစု တို့၏ ခရီးသွား မှတ် တမ်းများကို တွေ့ရှိရ တယ်။

၁၄ ရာစုခန့် အထိ ဥရောပ တတိုက် လုံးကို လွှမ်းမိုး ကြီးစိုး ခဲ့တဲ့ ကက်သလစ် ဂိုဏ်းကြီးနဲ့ ပဒေသရာဇ် စနစ် အို ကြီး ဟာ ဆင်းရဲသား များရဲ့ ပုန်ကန်ထကြွ မှု ကြောင့် အင်အား လျော့ပါး လျက် ရှိနေတယ်– အရင်းရှင်စနစ် ကို စတင် အသက် ဝင် ခါ စ ပေါ့။ အဲဒီ အချိန် ကာလ က အင်အား ကြီးမား တဲ့ စပိန်နိုင်ငံ နဲ့ စပိန်ဘုရင် အုပ် ချုပ် လျက် ရှိတဲ့ ပေါ်တူဂီ နိုင်ငံသား တွေဟာ အတ္တ လန်တိတ် ၊ ပစိဖိတ် ၊ အိန္ဒိယ သမုဒ္ဒရာစတဲ့ ရေပြင် တွေ ကို ဖြတ် ကျော်ပြီး တိုင်းသစ် ပြည်သစ် ရှာဖွေ ခဲ့ကြ တယ်–အတ္တလန်တိတ် သမုဒ္ဓ ရာ နဲ့ အမေရိက ကုန်းမြေ— ပစိဖိတ် သမုဒ္ဓရာကို ဖြတ်ကျော်ပြီး–ဖိလစ်ပိုင် ကျွန်းစုတွေကို တွေ့ရှိ တယ်-ရာ စုနှစ် အတော်ကြာ ထိ–လွှမ်း မိုး ကြီး စိုးခဲ့တယ်– ပေါ်တူဂီ တွေဟာ– အာဖရိက တိုက်ကို အတ္တလန်တိတ် သမုဒ္ဓရာ ရေပြင်မှ လှည့်ပတ်ကာ အိန္ဒိယ သမုဒ္ဓရာ ကို ဖြတ်ကျော်ပြီး နောက် ၁၅ ရာစု ကျော် ကျော် လောက် မှာ အိန္ဒိယ နိုင်ငံက –ဂိုဝါနယ် —–အင်ဒိုနီးရှင်းကျွန်းစုက— ဂျာဗားနယ်–နဲ့ တရုတ်နိုင်ငံက– မာကောက် နယ် တွေကို– သူတို့ရဲ့ အခြေခံစခန်းများ အဖြစ် ပြုလုပ်ခဲ့ကြတယ်— ။

အဲဒီ လို— အာရှတိုက် ကုန်းမြေနဲ့  အိန္ဒိယ သမုဒ္ဒရာ ရေပြင် တ၀ိုက်ကို ကျူးကျော်ဝင် ရောက် နေကြ တဲ့ ပေါ် တူဂီများ ထဲ မှာ ဖောက် ကား ရောင်းဝယ်မှု အတွက် —-နယ် သစ် ပယ်သစ် နဲ့ ဈေးသစ် များ ထူထောင် ကြသူ များ အပြင် ကက်သလစ် ဂိုဏ်းဝင် သာသနာ ပြု များ နဲ့ ကြေးစား စစ်သား များက အစ ပင်လယ် ဓားပြ များ အ ထိ ပါဝင်နေတာကို တွေ့ရှိရတယ်—

အဲဒီ—စပိန် နဲ့ ပေါ်တူဂီ တို့ဟာ အတ္တလန္တိတ် ပစိဖိတ်နဲ့  အိန္ဒိယ သမုဒ္ဒရာ ရေပြင်တွေမှာ–မင်းမူပြီး အ မေ ရိကနဲ့ အာရှတိုက် ကုန်းမြေတွေ ပေါ် ကျူးကျော် ၀င်ရောက်ခြင်း ပြု နေတဲ့ အချိန်မှာ— ဗြိတိန် ပြင်သစ်နှင့် ဒတ်ခ်ျ စ တဲ့ ဥရောပ နိုင်ငံသားတွေဟာ သူတို့နဲ့ ယှဉ်ပြိုင်ခြင်း ပြုနိုင်လောက်အောင် အခြေအနေ မရှိကြ သေး ဘူး။ အဲဒီ အချိန်က — ဒတ်ခ်ျ တွေ ဟာ– စပိန်ဘုရင် လက်အောက်ခံ ဘ၀က လွတ်မြောက် နိုင်ဘို့- အတွက် ရုန်းကန် တွန်း လှန် နေရ သေး တဲ့ အခြေမှာသာ ရှိသေးတယ်— နောက် တခုက — ဗြိတိန်နဲ့ ပြင်သစ် စတဲ့ နိုင်ငံတွေ မှာ– တန်ခိုး အင်အား ကြီးမား နေတုန်းဖြစ်တဲ့ သက်ဦးဆံပိုင် ဘုရင်နဲ့ ပဒေသရာဇ် စနစ်တွေကို ရှင်း လင်း ဖယ် ရှားခြင်း မပြုနိုင်သေးဘူး။

စပိန်နှင့် နှိုင်းယှဉ်လိုက်တဲ့ အခါ ဗြိတိန်နဲ့ ပြင်သစ် တို့ ဟာ ဒုတိယ တန်းစား နိုင်ငံများ အဆင့်၌သာ ရှိကြတယ်— ဒါ ကတော့– ဒုတိယ မြန်မာနိုင်ငံ ကို စည်းလုံး သိမ်းသွင်း ပြီး ပြန်လည် ထူထောင်ခြင်း ပြုအံ့ ဆဲဆဲ အ ချိန် လောက် က မြန်မာ နိုင်ငံ အပါ အ၀င် အာရှတိုက် ကုန်းမြေနှင့် အိန္ဒိယ သမုဒ္ဒရာ ရေပြင် များသို့ ကျူး ကျော်ဝင် ရောက် လျက် ရှိတဲ့ ပေါ်တူဂီ ကိုလိုနီသမား များနဲ့ အခြား ကျူးကျော် ၀င်ရောက် အံ့ ဆဲ ဆဲ ဖြစ်တဲ့ ဥရောပ တိုက် ကိုလိုနီ သမားများရဲ့ ကျောထောက် နောက်ခံ သမိုင်းနဲ့ ယေဘုယျ အ နေအထားပဲဖြစ်တယ်–ဟု ရှင်းပြ ခဲ့ ပါ သည်။

သူ——-က—

ပုဂံ ညနေခင်း—နှင့် ပုဂံ ရှုခင်းတွေ ကြား သူနှင့် ကျမ လမ်းလျှောက် ရင်း ဗဟုသုတ တွေ ရှင်းပြခဲ့သလို-ချစ်ခြင်း မေတ္တာ နှင့် အမှန်တရား၏ တောင်တန်းများ အကြောင်း ဆွေးနွေး ခဲ့ကြသည်—အနုပညာ ဖန်တီးခြင်း ကို သူ ကျန် နေသည့် သူ့အသက် ထက်ဝက် နဲ့ ဆက် လုပ်သွားမှာပါ— မ– ရယ်–တဲ့ –ကျွန်တော့်ဘဝ ထဲ–ဝင် လာရဲ ပါ့ မလား—လို့ မေး သလိုလိုနှင့် ကျမ ထံမှ အဖြေ ကိုတော့–သူ -မတောင်းဆိုခဲ့ပါ—

ဟိုးအဝေး –မိုးကုပ် စက်ဝန်း တနေရာ ဆီသို့ –သူငေးမော ရင်း ပြောပြသည်—ကျွန်တော်–၁၀ တန်းဖြေပြီး တဲ့နေ့မှာ –သူငယ်ချင်း တယောက်ရဲ့ တောရွာ လေးဆီ အလည် လိုက်သွားတယ်–နှစ် ရက်လောက်ကြာ တယ် ပြန် လာ တော့ —-အဖွားက အထုပ်ကလေးပြင်ထားတယ် ဦးလေးဆီ သွားနေတော့တဲ့—–၁၀တန်း ဖြေပြီး စ ကျွန်တော် —ဘုမသိ ဘမသိပါပဲ—နောက် ၃ လ ကြာမှ အမေ အိမ်က ဆင်းသွား တာ သိရတယ်— ဦးလေး အိမ်မှာ နေရင်း မနက် ၂ နာ၇ီထိုး လောက်မှာ –အဖွားနဲ့ အဒေါ် စကားပြောနေတာကို ကျွန်တော် နိုးသွား ပြီး ကြား လိုက်ရတယ် —–ကလေး တွေ တော့ ဒုက္ခ –ပဲတဲ့ –သားသား သိသလား ဆိုတော့ —-အဖွားက မသိ သေး ဘူးတဲ့—–အဲဒီ အချိန်မှာ အသံ မထွက်အောင် ကြိတ် ငိုခဲ့ရတယ် —–နောက်နေ့ တွေမှာလည်း အဖွား ရှေ့မှာ မသိချင်ယောင် ဆောင်နေခဲ့ရတယ် —လူပျိုပေါက် အရွယ်—ဆယ်ကျော်သက် ဘဝ —ကတည်း က — စိတ်ထဲမှာ အနာတရ တွေ အများကြီး ဖြစ်ခဲ့တယ်– ကိုယ့်ဘဝ ကိုယ် ရုန်းကန်ရတယ်–ကိုယ်ခြေထောက် ပေါ်ကိုယ်ရပ်ရတယ်—အဲဒီ ကတည်းက စပြီး ကိုယ့်ဖာသာ အလုပ်ရှာလုပ် တယ်—သူငယ်ချင်းတွေနဲ့ စုနေ — တယ်—အဝေးသင်တက်တယ်—-

သူ———တိုးတိတ်လွန်းစွာ–

ဟိုး–အဝေး တနေရာသို့ စိုက်ကြည့်ကာ — ညည်း တွားသံ လိုလို ပြောပြသည်–သူ -မိဘမေတ္တာ ငတ်မွတ် ခေါင်း ပါး ခဲ့ရသည်ပဲ–မျက်ရည် ဝေ့ သော သူ့ မျက်ဝန်း တွေကို ကျမ ကြင်နာ နွေးထွေး စွာ အား ပေး နေမိသည်–လေနုအေး က နူးညံ့ လွန်း စွာ–သူနှင့် ကျမ ကြားကို ဖြတ်ဝင်လာခဲ့သည်—ဆံပင် ရှည် ကို နှစ်သက်စွာ ထားတတ်သည့် သူ့ကို ကျမ ငေးမောကြည့်နေမိသည်— ဂီတ နက်သန် ကိုစောညိန်း၏ တေး များစွာကို —သူ နှစ်ခြိုက် သည် —သူ့လက်ချောင်းတွေက – —ကဗျာပန်းတွေ များစွာ ဖူးပွင့်စေခဲ့သည်—သူ့ ရင်ခုန်သံတွေကို –ကျမ အတွက် အိပ်မက် အဖြစ် သူ–ပေးခဲ့သည်—။

ကျမ——-က-ရော–

အစ်မကြီး တော့ အမိအရာ ဆိုသည့် ထုံးတမ်း ဓလေ့များ ကို ကိုင်စွဲကာ—ကျမအား တယောက်ပြီး တယောက် ပြောလာ ကြသည်—အိမ်ထောင်ရေး ဆိုတာ မိန်းကလေး အတွက် အရေးကြီးတယ်–သမီး အတွက် အကောင်း ဆုံးဖြစ် အောင် မိဘ ညီအစ်ကို မောင်နှမ ဆွေမျိုး သားချင်းတွေ အားလုံးက ဝိုင်းဝန်း လုပ်ထား တာ—တဲ့ ကျမ ကို အရုပ်ကလေးလို လှပသည့်—အဘိုးတန်ဆာ– တွေ ဆင်ပြီး မှန်ဘီဒိုထဲ အလှ ပြရန် ကြိုးစား နေကြသည်–လိုရာ သွန်းလုပ်ရန် ပုံစံခွက်ထဲ ထည့် ကြသည် —သူတို့ ပြောသမျှ တခွန်း ပြန်ပြော ခွင့် မရသည့် ကျမ အား သူတို့ သ ဘောကျ စီမံသည် —ကာယကံရှင်ကို လူရယ်လို့ —အရေး မထား ဖန်တီး ချင်ကြ သည်——– ဒါပေမယ့် –ကျမ စိတ် ကို–ဘယ်သူ ဘယ်ဝါကို တော့ မချစ်နဲ့ လို့ ပြောလို့ မရဘူးမို့လား –သူတို့ နှစ်သက် သူ ကိုပဲ ချစ်ရမယ် လို့လည်း စီမံ လို့မှ မရတာ– အချစ်ဆိုတဲ့ မမြင်ရတဲ့ အရာတခု စိတ်ဆိုတာ—- ပုံစံခွက် ချချင် သူတွေ စကားကို နားထောင် တတ်တာမှ –မဟုတ်တာ–အသဲနှလုံး –ဆိုတာ– ကော်ဖီတခွက်မှ မဟုတ် တာ—–ရှင်လျက်နှင့် သေခြင်း ဆိုသည့် အိပ်မက်ကို ကျမအား ပေးနေကြပါပြီလေ—–

ပုဂံ နေ့လည် ခင်း——–

နတ်သမီး ကမ်းပါး တနေရာ—သူရှေ့ ကနေ အမြန်ပြေး သွားပြီး ကျမကို လိုက်ခဲ့ပါ တဲ့–သူရှိရာဆီ ကျမ လျှောက် သွား သော အခါ–အဝေး က နေ–ကျမအား– ဓါတ်ပုံတွေ တဖြတ်ဖြတ် ရိုက်နေသည်မှာ သူ့နား ရောက် လာသည် အထိ-သူ ကျမ လျှောက်လာ သည်ကို ငေးမောစွာ ကြည့်ရင်းပြောသည်။

မ-ရယ်–အဖြူရောင် လက်ရှည်လေးနဲ့ ဆံပင်ရှည်တွေ— လေ မှာ ဝဲနေပြီး မ-လမ်းလျှောက် လာတဲ့ အမူအယာ လေးဟာ–လေထဲမှာ လွင့်ပါးကြွေလျော လာတဲ့–နှင်းဆီ–ပွင့်ဖတ်လေးလို-ငေးနေ ရလောက်အောင် မြန်မာ ဆန်လွန်းတဲ့ အလှပါဗျာ—လို့ ပြောတော့–ကျမ ရှက်သွေးဖြန်းသွားခဲ့ပါသည်—မ-ကို ကျွန်တော် အိပ်မက် နေတာ–ကြာလှပါပြီ–ဒါပေမယ့် မ-ကတော့ မသိခဲ့ပါဘူး–ရန်ကုန်မှာ မ-နေတဲ့ ပြည်လမ်းက အဆောင်ရှေ့ကို ကျွန်တော် အမြဲလိုလို ရောက်နေခဲ့တယ်–အဆောင် ပြူတင်းပေါက်က မ-အရိပ်လေး ကို ကျွန်တော်ငေးပြီး ပြန်လာခဲ့ရတာပါ–မ-အတန်းတက်နေရင် ကျွန် တော် လာငေးနေတတ်တာ-မ-မသိခဲ့ပါဘူး-မ – မသိအောင် မ-သွားလေရာ ခပ်လှမ်းလှမ်းက တကောက် ကောက် လိုက် နေခဲ့တာ အတော် များခဲ့ပါပြီ–

အယ်——ပေါ်ပြီ–အဲဒီတုံးက ဘာလို့ လာနှုတ်မဆက်တာလဲလို့ — ကျမကမေးတော့–မ-က-ကျွန်တော့်ထက် ပညာရေး ကအစ သာတယ်လေ–မ-ကိုချစ်တဲ့သူတွေ—လိုချင်တဲ့ သူတွေ–လည်း များတယ်–ကျွန်တော် အနား တောင် မကပ်ရဲ ပါဘူး–တဲ့ ။

အဲလို–မပြောစမ်းပါနဲ့လို့ –ကျမက ပြောတော့–မ-ကို ချစ်တဲ့သူတွေများတော့ မ-က အချစ်ကို အထူးအဆန်းလို့ မထင်တော့ဘူးပေါ့နော်–ဘယ်သူ့ အချစ်က မ ရင်ထဲမှာ ပိုပြီး တန်ဖိုးရှိတယ်လို့–မထင်တော့ ဘူးလား– ကျမ မျက်နှာ ညိုးသွားတော့ သူ စကားလွဲပြောင်းလိုက်သည်။

မ—–ပုဂံ ရှုခင်းတွေသိပ်လှတယ်နော်–ဧရာဝတီက တော့ ခေတ်တွေ–အဆက်ဆက် ဖြတ်သန်း နေပေမယ့် သူက တော့ တည်ငြိမ်စွာ စီးဆင်းမြဲပါ—ပုဂံ ခေတ်က စစ်သည် လေးသိန်းနဲ့ ညီမျှ တဲ့ သူရဲကောင်းလေးဦး ရှိခဲ့တယ်–ကျန်စစ်သားရယ်—အဲနောက်တယောက်ကတော့-ထန်းပင် တစ်ထောင် ကို တက်လိုက် ဆင်းလိုက် တနေ့ထဲ လုပ်နိုင်တဲ့ မြင်းမူ အရပ်က ငထွေးရူးရယ်—နောက်တယောက်က နွားအရှဉ်းသုံးဆယ်ကို တပြိုင်တည်း ထွန်နိုင်တဲ့ ပုပ္ပါးအရပ်က ငလုံးလက်ဖယ်ရယ်–ညောင်ဦးကမ်းပါးကနေ ဧရာဝတီ မြစ်ထဲ ဆင်းကူးပြီး ဟိုဘက်ကမ်း ရောက်တာနဲ့ ချက်ခြင်းပြန်ကူးလာပြီး ညောင်ဦးကမ်းပါးပေါ် ရောက်တာနဲ့ ပြေးတက် လာနိုင်တဲ့ ညောင်ဦးဘီး ရယ်–ပေါ့—–ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ မြန်မာ့ သမိုင်းပုဂံ သူရဲကောင်း တွေ—မှတ်မိတယ်မို့လား-လို့ပြောတော့ ကျမ–ခေါင်းညိတ်မိသည်။ဟိုတနေ့က ရန်ကုန်က ခြောက်နှစ်ကျော် လောက်ရှိတဲ့ –ကျွန်တော့် တူလေး နဲ့ဖုံးဆက် ဖြစ်တယ်- တူလေး ဘာလုပ် နေတာလဲ မေးတော့—သိုင်းသမား တရုတ် သူရဲကောင်း ကျန်ကျောင်း လုပ်တမ်း ကစား နေတာတဲ့–ပုဂံခေတ် မြန်မာ သူရဲကောင်း ကျန်စစ်သား လုပ်တမ်း ကစား ပါလား ပြောတော့– ကျန်စစ်သားကို မသိဘူး တဲ့–သားတို့က တရုတ်သိုင်းကားပဲ ကြည့်တော့ သိုင်းသူရဲကောင်း ကျန်ကျောင်းပဲ သိတာတဲ့လေ

သူက ပင့်သက် ရှိုက် ရင်း-ငြီးတွား စွာ ပြောပြ နေသည်-မြန်မာပြည် ကို လာ သွား တဲ့ ဂျပန် လူမျိုး ဓါတ်ပုံ ဆရာ ယာမာမိုတို က နှိုက်ကလပ် တခုမှာ ရိုက် ခဲ့တဲ့ ဓါတ်ပုံ တွေ ကို ဂျပန်မှာ ဓါတ်ပုံ စာအုပ် ကြီး ထုတ် ထားတယ်-ဒီ ခေတ် ဒီ စနစ်ကြီး ထဲက ဆယ်ကျော် သက် လူငယ် က လေး တွေ နဲ့–ဆယ်နှစ် ဝန်းကျင် ကလေး တွေ ဟာ အ နာဂတ် တိုင်း ပြည် အတွက် အမျိုး သား ရေး စိတ် ဓါတ် တွေ–အမျိုးသား ယဉ်ကျေးမှု တွေကို–ရှေး ဘိုးဘေး ဘီဘင် တွေ လို မျိုးချစ် စိတ် အပြည့် နဲ့ ဆက်လက် ထိမ်း သိမ်း နိုင်ပါ့ မလား ဗျာ–ကျွန်တော်တို့ မြန်မာလူမျိုး ဘိုး ဘေးဘီဘင်တွေ ကိုလိုနီ ပေါ်တူဂီ ဆန့်ကျင်ရေးစစ်ပွဲဟာ နှစ်ပေါင်း ၃၅၀ တိတိ ရှေးကျခဲ့တယ်- ၁၉၆၃-ခုနှစ်ကမှ အိန္ဒိယနိုင်ငံ မှာရှိတဲ့ ပေါ်တူဂီ ကိုလိုနီ အခြေခံ စခန်း တခုဖြစ်တဲ့ ဂိုဝါနယ်ကို အိန္ဒိယ အစိုးရက ရှင်းလင်း ဖျက်သိမ်းခြင်းပြုခဲ့ရတာပါ—တကယ် ကတော့ မြန်မာနိုင်ငံရဲ့ တစိပ် တဒေသ ဟာ ၁၆၀၀ ခုနှစ် ကတည်းက ကိုလိုနီ နယ်ချဲ့ အောက်ကို ရောက်သွား ခဲ့ရပြီး ကျွန်တော်တို့ ဘိုးဘေး ဘီဘင်တွေက နယ်ချဲ့ ဆန့် ကျင် ရေး အဲဒီ ကတည်းက ဆင်နွှဲ ခဲ့ရတာပါ—၁၅ ရာစု ခန့်လောက်က — အာဖရိက တိုက်ကို ပတ်ပြီး အိန္ဒိယ သမုဒ္ဒရာ နဲ့ အာရှတိုက်ကို စ တင် တွေ့ရှိခဲ့ တဲ့ ပေါ်တူဂီ လူမျိုးတွေဟာ တရုတ်- အိန္ဒိယ -အာရှ အရှေ့ တောင်ပိုင်း ဒေသ ကျွန်းစုတွေ ဆီ ကုန်သည်တွေ အဖြစ်-သာသနာပြုတွေ အဖြစ်- ပင်လယ်ဓါးပြ တွေ –အဖြစ်-လှည့်လည်ကျက်စားခဲ့ကြတယ်—
၁၆ ရာစု ဆန်းလောက်မှာ မြန်မာနိုင်ငံ တောင်ဘက် ပင် လယ် ကမ်းရိုး တန်း ဒေသ မွန် အကြီးအကဲများ ထံနဲ့ ရခိုင် ကမ်းရိုး တန်း ဒေသ ရခိုင် အကြီး အကဲ များ ထံမှာ ကြေး စား စစ်သား များ အဖြစ် အမှု ထမ်းခဲ့ကြတယ်– ဖိလစ် ဒီဘရစ်တို ခေါ် ငဇင်ကာ ဟာ ၁၅၉၀ ခုနှစ် လောက် မှာ ရခိုင် အကြီးအကဲ မင်းဖလောင်း ထံမှာ ကြေးစား စစ်သား အဖြစ် အမှုထမ်း ခဲ့တယ်–ဟံသာဝတီကို တိုက်ခိုက် ဖျက် ဆီး တော့ ငဇင်ကာကို မြို့ စောင့် အဖြစ် ထား ခဲ့တယ်–အခွင့် ကောင်းကို ချောင်း မြောင်း နေတဲ့ ငဇင်ကာ ဟာ အန္ဒိယနိုင်ငံ ဂိုဝါနယ် မှာရှိတဲ့ ပေါ်တူဂီ ဘုရင်ခံ ချုပ်နဲ့ အဆက် အသွယ်ပြုပြီး သံလျှင် နယ်ကို ကိုလိုနီနယ် အဖြစ် အတိအလင်း ကြေငြာ လိုက်တယ်–သက်တန်း ၁၃ နှစ် ကြာတယ်–ငဇင်ကာ ဟာ ဗုဒ္ဓ ဘာသာ ဝင်တွေရဲ့ ဘုရားပုထိုးတွေ ကို ဖျက် ဆီးပြီး ဌာပနာ တွေကို အတင်း အဓမ္မ ယူတယ်–၁၆၁၃ ခုနှစ် မှာ ညောင်ရမ်း ဒေသက မြန်မာ အကြီး အကဲ အနောက်ဘက်လွန် ကနေ သံလျှင် ကို အခြေခံ စခန်း ပြုလုပ်ပြီး မြန်မာနိုင်ငံကို စ တင် ခြိမ်းချောက် နေတဲ့ ငဇင်ကာ တို့ကို တိုက်ခိုက် ချေမှုန်း ပစ် လိုက်ရတယ်–ဂိုဝါနယ်က စစ်ကူပို့ လိုက်တဲ့ စစ်သင်္ဘော ၅ စင်း အနက်က ၄ စင်းကိုလည်း တိုက်ခိုက် ဖျက်ဆီး ခြင်းပြုလိုက်ရတယ်—ဘိုးဘေး ဘီဘင် တို့ရဲ့ အမျိုးသားရေး စိတ်ဓါတ်နှင့် သူရဲကောင်း စွမ်းရည်များ ကို ကြား သိ ရ သော အခါ–ကျမ သွေးများ ပူနွေးဆူပွက် လာ သကဲ့ သို့ ခံစား လိုက်ရ ပါ တော့ သည်။

ပုဂံ နေ့လည်ခင်း နှင့် တောင်တော်ရွှေပုပ္ပါး—

သူ ကျမ အား ပုပ္ပါးသို့ လိုက်ပို့ သည်–ပုပ္ပါး တောင် ကလပ် ပေါ် တက်ရင်း— ဗဟုသုတ ဖြစ်စေ မည့် နတ် ကိုး ကွယ် မှု ဆိုင်ရာ မြန်မာ့ ယဉ်ကျေးမှု အစွဲ အလန်းများကို ရှင်းလင်း ပြောပြနေသည်။

မနုဿဗေဒ ပညာရပ်မှာ တိုတမ် ဆိုတဲ့ စကား အသုံး အနှုန်း တခုရှိတယ်–ဗြိတိသျှ လူမျိုးတဦး ဖြစ်တဲ့ မနုဿ ဗေဒ ပညာရှင် ဂျေလောင်း ဆို သူ က အိန္ဒိယ က နေ ၁၈ ရာစုနှစ် လောက် ခန့် က မနုဿ ဗေဒ ပညာရပ် အ တွင်း ကို တင်သွင်း ယူဆောင် လာခဲ့ တာ ဖြစ်တယ်—အဲဒီ ဝေါဟာရ စကားလုံးဟာ မြန်မာ တို့ရဲ့ မိဆိုင် ဖဆိုင် သို့မဟုတ် ရိုးရာ ဆိုတဲ့ ဝေါဟာရ နဲ့ နီးစပ်လိမ့်မယ်ထင်တယ်—
ရှေးဟောင်း လူမျိုးတိုင်းမှာ တိုတမ် ခေါ် ရိုးရာ အစွဲ အလန်း နဲ့ ယုံကြည်မှု တွေ ရှိကြတယ်–သိပ္ပံပညာ ရပ်တွေနဲ့ ယဉ်ပါးခြင်း မရှိကြသေးတဲ့ ယနေ့ခေတ် လူ့အဖွဲ့အစည်း တွေမှာလည်း ရိုးရာ အစွဲ အလန်း တွေဟာ အမြစ်တွယ် အားကောင်းနေဆဲပါပဲ—
အာရှ အရှေ့ဖျား က ဂျပန်လူမျိုး များထဲမှာ အချို့က သူတို့ကိုယ် သူတို့ နေမျိုး နွယ် လို့ ယနေ့ထိ ယုံကြည် စွဲလန်း နေသူ တွေ ရှိတယ်–ရှေးဟောင်း ရောမ လူမျိုးတွေ က တော့ သူတို့ ကိုယ် သူ တို့ ဝံပုလွေ က ဆင်းသက် လာ တယ် လို့ ယုံကြည် စွဲလန်း ခဲ့တာ—–။ ရိုးရာ စွဲလန်း မှုတွေ ဟာ–မြန်မာနိုင်ငံ တောင်တန်း ဒေသ မှာ နေထိုင် ကြ တဲ့ တိုင်းရင်းသား လူမျိုးများ သာ မက ပါဘူး —မြေပြန့် အရပ် ဒေသမှာ နေထိုင် ကြတဲ့ သူတွေလည်း ရိုးရာ အစွဲ အလန်း ဓလေ့ တွေ ရှိကြတယ်။

ဒေါက်တာ သန်းထွန်း ပြောသလို ပေါ့- ဗုဒ္ဓသာသနာ အရိပ် ကို ခိုပြီး နတ် အယူကို အသက် ရှည် အောင်လုပ်ဖို့ ရည်ရွယ် ချက် ရှိသူ တွေက စတင် ရေးသား ရွတ်ဆိုခဲ့တယ် ဆိုရင် စတင်သူကို နီးနီး စပ်စပ် ဖေါ်ထုတ်နိုင်ပြီ လို့ ဆိုရမယ်–။ မကောင်းသူကို ပယ်–ကောင်းသူကို ကယ် ဆိုတဲ့ သဘောထား ကလည်း ခေတ် ကာလ မငြိမ် တဲ့ အခါ ကြောက် ရမယ့်သူတော့ ရှိဦးမှ ဆိုတဲ့ အချိန်ကာလ ကို ညွှန်းတယ်– နတ်ချင်းတွေ စစ်ဆေးပြီး သမိုင်း မှာ ဘယ် လောက် သုံးနိုင် မလဲ လို့မေးရင်— သုံးမရဘူး လို့ပဲ ဖြေရမယ်–နတ် တချို့ ဟာ သမိုင်းမှာ တကယ်ရှိ ဘူး သလား လို့ မေး ရင် မဖြေ နိုင်ကြဘူးတဲ့။

ရွှေနပေ နတ် ကို မင်းတုန်း မြို့သူ လို့ပြောတယ်–လင်ပစ် သွားလို့ စိတ် ဆင်းရဲပြီး သေတယ်လို့ ပြောတယ် နတ်ဖြစ် တော့လည်း စိတ်ဖေါက်ပြီး အဆုံး မသတ် တဲ့ မုန့်လုံး စက္ကူ ကပ် သီချင်း ကို ဆိုတယ် လို့ သိရတယ်–နဂါး မ ယားလား-တောတွင်း သား မယားလား-မောင်တင့်တယ် မယားလား-နတ်ချင်း က လည်း ရှင်း မပေး ဘူး။ သုံး ပန်လှ နတ်က မွန် အမျိုးသမီးတဲ့ သရေခေတ္တရာ ရောက်လာပြီး သေဆုံးတယ် သူက ရေနဲ့ ဖြန်းရင် စိတ် ရွှင်ကြ မယ်လို့ ဆိုတယ် မောင်တင့်တယ် နှမ ထွေးလှလား နတ်သံကို ဖတ် ကြည့်တော့ တကောင်းက ပြေးလာ ပြီး သ မိန်ထောနဲ့ အိမ်ထောင် ကျတယ် တဲ့ ဝတ္ထု တပုဒ် တိုးလာတယ်။

ဦးမင်းကျော်ခေါ် ကိုကြီးကျော် နတ် က တော့ မြင်းခေါင်း ဖြစ်ခဲ့ ဘူးသူ ဖြစ်ပြီး ကြက်ကင်နဲ့ ထန်းရည် အလွန် အ မင်း ကြိုက်တယ် တဲ့ ပခန်းမြောင်း တူးစဉ်က အသတ်ခံရသူလား – ကိုးမြို့ရှင် ရှမ်းလား- စည်သူမင်းရဲ့ သား ပုပ္ပါး ဘို့မယ် လင်လား -အင်းဝ မင်းခေါင်သား မင်းရဲကျော်စွာ လား ခွဲခြား မသိဘူး။ အောင်စွာနတ် လည်း မြင်းထိန်း -ဖြစ်ခဲ့ ဘူးတယ်တဲ့ မြင်းတော်ခံ ငပြည့်– နရသူ ကွပ်မျက်တယ်လို့ ပဲ ပြော တယ်–သူလည်း အသောက် အစား များသူ။

မဟာဂီရိ နတ်သံမှာ ငါလာခဲ့တာ တကောင်း က–ဓါးလှံ ပြီးတဲ့ လူစွမ်း ကောင်းကို မီးတိုက် သတ်ရင် သေ တယ် ဆိုတဲ့ ယုံကြည် ချက်ကို ပြောတယ်။နှမတော်က ပုပ္ပါးတောင်မှာ ပန်း မျိုးစုံ ပေါတယ်–လာကြ လို့ ဖိတ်ခေါ် တယ်။
မနဲလေး နတ် က ကလေး ငိုရင် မုန့်လုံး ကျွေး ကလေး အငိုတိတ် စေရမယ် လို့ အာမ ခံတယ်။ ထီးဖြူ ဆောင်း နတ် က ပုဂံအနော်ရထာ ဖခင်။ ထီးဖြူ ဆောင်း မယ်တော်နတ် က အနော်ရထာ မိခင်။ ပရိဗ္ဗ ရှင်မင်းခေါင် က ကျည်းစိုးမင်း ဖြစ်တယ်တဲ့–အမဲလိုက် မုဆိုး ပစ်တဲ့ မြှားမှန်ပြီး သေတယ်။ ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ် နတ် ညီအစ် ကို က အမှုထမ်းပေါ့လို့ မင်းမိန့်နဲ့ အသတ်ခံရတယ်–တောင်ပြုံး အရပ်က ကျော်စဉ်တိုက်ကို ညွှန်းတယ်–သူတို့ နှစ်ယောက်ရဲ့ အထိန်းတော် ပုဏ္ဏားလည်း အသတ်ခံရပြီး နတ်ဖြစ်တယ်–မန္တလေး ဘိုးတော် နတ် လို့ခေါ် တယ်။

တောင်မကြီး ရှင်ညိုနဲ့ မြောက်မင်းရှင် ဖြူတို့က နပန်းသမား ညီအစ်ကို -သရေခေတ္တရာ မင်းက အချင်းချင်း ထိုး သတ်ခိုင်းလို့ သေပြီး နတ်ဖြစ်တာတဲ့။မင်းစည်သူ နတ်က အလောင်းစည်သူ- ငါးစီရှင်နတ်-မင်းတရားနတ်-တပင် ရွှေထီးနတ်။ မြန်မာ ရိုးရာ နတ်တွေက တော်တော် များတယ်။ နတ်ဖြစ် သွားကြ သူတွေ ဟာ မတရား အနှိပ်စက် ခံရတယ်–နတ်ဖြစ်တော့ ကိုယ်ချင်းစာ စိတ်နဲ့ ခင်မင်တဲ့ လူတွေကို အခက်အခဲ က လွတ်မြောက်အောင် ကူညီ မယ် ဆိုတဲ့ သ ဘောပဲရှိတယ်–ဘာမှတော့ သမိုင်းအသိ မဖြည့်ပေးနိုင်ဘူး။

ခေတ် တွေ စနစ် တွေ ပြောင်းလို့ မြန်မာ နိုင်ငံကြီး ချမ်းသာ ကြွယ်ဝပြီး ခေတ်မီ တိုးတက် လာရင်– အမျိုးသား ရှေးဟောင်း ယဉ်ကျေးမှု အမွေ ဖြစ်တဲ့ ပုဂံမြေ မှာ သစ်တောတွေ များများ စိုက်လာ နိုင်တာနဲ့အမျှ မိုးလေဝသ မှန်လာ မှာပါပဲ–ပုဂံ ဘုရင်တွေ လက်ထက် က တည်းက ချွေးစီးစီး ကျအောင် လွန်ဆွဲ မိုးခေါ်လာ ခဲ့ကြတာဟာ မြန်မာ့ယဉ်ကျေးမှုတရပ် အနေနဲ့ ပဲကျန်ခဲ့တော့မှာပါ—။

ပုပ္ပါး တောင်ထိပ်က နတ်သိုင်းဆရာ မိုးခေါင်ကျော်စွာနတ်မင်း လည်း ခေတ်စနစ်တွေနဲ့အတူ– အခြား အရပ်ကို ထွက်ပြေး သွား လောက်ပြီနဲ့ တူပါတယ်—သူ–ရယ်မော စွာ ပြော ရင်း ပုပ္ပား တောင်ပေါ် က ဆင်း လာတော့ တောင် ခြေ ပန်း အရောင်း ဆိုင်လေးမှာ –စကားဝါပန်းတွေဝယ် ပေးတယ်–စကားဝါ ပန်းဟာ ပုပ္ပားရဲ့ အထိမ်း အမှတ် ပါပဲ–မ–တဲ့—
နောက်–သူ လွမ်းမောစွာ ပြောလာတယ်–ပုဂံ ခေတ်က ဗျတ္တ ဆို တဲ့ ပန်းဆက် သမား လေးဟာ ပုပ္ပားမှာ ပန်း လာ ခူးရင်း ပုပ္ပား သူလေးနဲ့ ချစ်သူတွေ ဖြစ်သွားကြတယ်–တဲ့ ပန်းဆက် နောက်ကျတဲ့ ဗျတ္တ—တ ယောက်– ရှင်ဘုရင် အမိန့်နဲ့ အသတ် ခံလိုက်ရ တယ်လို့ ပုဂံ ပုံပြင်တွေက ပြောတယ်–ပုပ္ပားသူလေး လည်း ရင် ကွဲနာ ကျ ပြီး ဆုံး သွားရှာတယ်-တကယ်တော့ — မ အတွက် နေ့တိုင်း ပန်းဆက်နေတဲ့ ကျွန်တော်ဟာ —ပုဂံက ဗျတ္တ လို–ပန်းဆက်သမား ပါဗျာ—။

ပုဂံ၏ အလွမ်းရက်များမတိုင်မှီ

ပုဂံမြေ၏ နေ့လည်ခင်းတွေမှာ ပုဂံဘုရား အချို့ဆီ သူလိုက်ပို့ရင်း ကျမကို ရှင်းပြသည် အနော်ရထာ နှင့် ကျန်စစ် သားခေတ် ပုဂံပြည် မှာ မဟာယာန ဗုဒ္ဓဘာသာနှင့် ထေရဝါဒ ဗုဒ္ဓ ဘာသာတို့ဟာ အရောရော အထွေး ထွေး ရှိ ခဲ့တယ်– ဗုဒ္ဓသာသနာစည်ပင်လာသည်ကတော့ သုဝဏ္ဏ ဘုမ္မိ သထုံပြည်က ရဟန်းတော် ရှင်အရဟံ ပုဂံ ကို ကြွ ချီလာပြီး အနော်ရထာဘုရင် ကို တရားစစ်တရားမှန် ဟောကြားသည်မှ အစ ချီခဲ့သည်ဟု မဟာရာဇဝင် တော် ကြီး များမှာ ရေးသားထားခဲ့ကြတယ်–သည့်အရင် ကတည်းက ပုဂံခေတ် မတိုင်မှီ ကတည်းက ဗုဒ္ဓ ဘာသာက ရှိနေ ပြီး ဖြစ်တယ်–တစ် ရာစုနှစ် လောက်က ပုဂံရဲ့ အရှေ့တောင်ဘက် ဗိဿနိုး ဒေသမှာ ဗုဒ္ဓဘာသာအယူက ရှိနေပြီး သား လေ–နောက်တဖန် ငါးရာစုလောက်ကနေ ကိုးရာစုလောက်အထိ သရေခေတ္တရာမှာ ဗုဒ္ဓဘာသာ အယူဝါဒ ရှိနေခဲ့တယ်–ဒါကြောင့် ဆယ်တစ်ရာစုမတိုင်မှီကတည်းက မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ အယူရှိနေ ပြီး သား ပါ။

ညောင်ဦးနှင့် ပုဂံကြားက ရွာလေး တရွာ ရောက်တော့ ပုဂံ နယ်သားတွေ လွန်ဆွဲပွဲ လုပ်နေကြသည်ကို တွေ့ရ သည်။ သူက ပေါ့ပါး သွက်လက်စွာ ရယ်မောရင်း လွန်ဆွဲ ရခြင်း ပုဂံ ပုံပြင်ကို ရှင်းပြသည်—ဟိုးရှေးရှေးတုံးက ပုဂံမှာ ရှင်မထီး ဆိုသည့် အဂ္ဂိရတ်သမား တယောက် ရှိတယ်– –ရှင်မထီး ဆရာ အဂ္ဂိရတ် ဖိုထိုးခြင်း ကိစ္စမှာ မီးသွေးဘိုး လုံဘိုး ဆေးဘိုးနဲ့ အခြား ကုန်ကျ စားရိတ်တွေ များလွန်းလို့ ပုဂံ တပြည်လုံး မွဲပြာ ကျသွားတယ်တဲ့–ရှင်မထီးရဲ့ တပည့်ရင်းတွေဖြစ်တဲ့ ပုဂံရှင်ဘုရင်နဲ့ သူဌေးလင်မယား ကျော်စွာနဲ့သော်တာလည်းပါတယ်ဆိုပဲ–ပုဂံပြည် သား တွေ ကလည်း ရှင်ဘုရင် ကိုယ်တိုင် ပ စား ပေးထားတော့ ပထမ ရှင်မထီးကို မကိုင်တွယ်ရဲ ဘူးပေါ့ ဒါနဲ့ ရှင် မထီးတပည့် ကျော်စွာကို အရင် သတ်ပစ် လိုက်တယ်–သော်တာက ထွက် ပြေး လွတ် မြောက် သွား တယ်–ရှင် ဘုရင် ကလည်း ပုဂံပြည်သားတွေရဲ့ ဒေါသ သူ့ဘက်လှည့် မလာခင် ရှင်မထီးရဲ့ မျက်လုံးနှစ်ဘက်ကို ဖေါက်ပစ် လိုက် တယ် တဲ့–အဲဒီ တော့ ရှင်မထီးလည်း စိတ်ဆိုးပြီး သူ့ဓါတ်လုံးကို ရေအိမ်သာထဲ လွှင့် ပစ် လိုက် တယ် ဆိုပဲ–အဲဒီ အခါမှ ထွက်ရပ်ပေါက် သွားတယ်တဲ့–ထွက်ရပ် ပေါက်ပေါက်ခြင်း ပုဂံဈေးထဲက မရောင်းရလို့ ကျန်နေ ခဲ့တဲ့ နွားမျက်လုံး တဘက်နဲ့ ဆိတ်မျက်လုံး တဘက်ကို ရှင်မထီးရဲ့ ကန်း နေတဲ့ မျက် လုံး မှာ အစား ထိုး လိုက် ရတယ်ဆိုပဲ–

မျက်လုံး နှစ်ဘက် အလင်းရတော့ သူ့ရဲ့ အဂ္ဂိရတ် ထွက်ရပေါက် အတတ်ပညာနဲ့ ပုဂံပြည်ကြီးပေါ် ရွှေမိုး ငွေမိုး ရွာ ချ လိုက်တယ်တဲ့-အဲဒီ အချိန်က စပြီး ကိုးကိုးတန်–ပုဂံအိမ်ခြေပေါင်း-ညိုးညိုးညံ ပုဂံဆော်သည့်မောင်းနှင့် လှည်း ဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း လို့ စာဖွဲ့ရလောက်အောင် ချမ်းသာ ကြွယ်ဝခဲ့ကြောင်း တခန်းတနား ဖေါ်ပြ ရေး သားခဲ့ကြတယ်–ထွက်ရပ် ပေါက် ရှင်မထီးက ပုဂံဘုရင်နဲ့ ပုဂံပြည်သူတွေ မုဆိုးမပါ မကျန်အောင် ချမ်းသာ ကြွယ် ဝ ဖို့ မ စ နိုင်ခဲ့ ပေမယ့် သူတပည့်ရင်းဖြစ်တဲ့ ကျော်စွာ ကို တော့ မကယ် နိုင်တော့ ဘူးတဲ့ ဘာ ကြောင့် လည်း ဆိုတော့ ကျော်စွာဟာ အသတ်ခံရပြီး ပုပ္ပါးတောင်မှာ နတ်ဖြစ်နေလို့လေ–နတ်ကျော်စွာ ကလည်း သူ့ကို သတ်ပစ်လိုက်တဲ့ ပုဂံပြည်သူ ပြည်သားတွေကို စိတ်ဆိုး နာကျည်းပြီး ပုဂံပြည်ပေါ် မိုးမရွာနိုင်အောင် ပုပ္ပါး တောင် ကလပ်ထိပ် ကနေပြီး ဘင်္ဂလား ပင်လယ်အော်က တက်လာတဲ့ မိုးတိမ်တွေကို နတ်သိုင်းနဲ့ ရိုက်ခွဲ ဖျက် ဆီး လေ့ ရှိ တယ်တဲ့–

ဒါကြောင့် မိုးခေါင်တဲ့ ပုဂံနဲ့ အနီးအနား တဝိုက်သာ မကဘူး မိုးပါးတဲ့ အရပ်ဒေသမှာ နေထိုင်ကြတဲ့ မြန်မာ တွေ ဟာ မိုးရွာအောင် မိုးခေါင် ကျော်စွာနတ်ကို သူတို့ မှားကြောင်း လွန်ဆွဲ ကြောင်း တောင်းပန်သည့် အနေနဲ့ လွန် ဆွဲ ကြ တာတဲ့–ရယ်မောဖွယ် မြန်မာ့ ယဉ်ကျေးမှု ပုံပြင် တွေ ကို ကျမ အား ဟာသလေး နှောပြီး ပြောပြ ခဲ့ သ လိုလွမ်း မောဖွယ်—–တွေ ကိုလည်း တိုးတိတ် လွန်းစွာ နာနာကျဉ်ကျဉ် ပြောပြခဲ့ပါသည်။

မ–ရှိနေစဉ်ပုဂံမြေဟာ–ကျွန်တော့ အတွက်–ကြည်နူး လတ်ဆတ် စေခဲ့ပါတယ်–ကျွန်တော် မကြားချင်ဆုံး စ ကား တခွန်း ကတော့–မ-ရဲ့ နှုတ်ဆက်ခြင်းပါ–နေ့တနေ့မှာ ကျွန်တော် တယောက်ထဲ ကြေကွဲစရာ နေ့ရက် အ ဖြစ်ကျန် နေခဲ့မယ်ဆိုတာ မျှော်လင့်ပြီးသားပါ -ဗျာ–ည သန်းကောင်ယံတွေမှာ ကျွန်တော် မခံစားနိုင်တော့မယ့် အိပ်မက် တွေ မ-ကျွန်တော့်ကို ပေးခဲ့မှာပါ–တန့်ကြည့် တောင်တန်းတွေကို ငေးမောရင်း သူ တိုးတိတ် လွန်းစွာ ပြောလာသော အခါ–ပွန်းပဲ့ လွန်မြောက် သော လူရွယ်တဦး၏ အထီးကျန် နေသော ကမ္ဘာလေးထဲသို့ ကျမ ငုံ့ကြည့် လိုက်မိသည်။ ရွေးချယ်ဖို့ ကျမ မှုန်ဝါးဝါး လမ်းကျဉ်း လေး တခုကို တွေ့လိုက်ရပါသည်– သူ့နှလုံး သား တ နေရာမှာ နာကျဉ် ခံစားနေရပြီ ဆိုသည်ကို ကျမ သိနေ ပါပြီ ကွဲဟ နေသည့် သူ့ရင်ကို ကျမ လက်ဖဝါးနှင့် ဖိ ကပ်ပြီး ပြန်စေ့ ပေးခဲ့ချင်ပါသည်—–ဟာလာ ဟင်းလင်း ကျန်ရစ်ခဲ့ရှာမယ့် သူနဲ့ ပုဂံမြေ ကို ကျမ ဘယ်ကဲ့သို့ များ ကျော ခိုင်းနိုင်ဖို့ရန် ကြိုးစား ရမှာလဲကွယ်—-

ပုဂံ၏ ဆည်းဆာ ချိန်များ

ပုဂံ ဆည်းဆာ ချိန်တွေ အလွန် လှပခဲ့သည်။ သူ ကျမ အား ပုဂံ ပုံပြင်တွေ ပြောပြ ခဲ့ သလို ပုရှကင်(Пушкин) ၊ မာယာကော့ဗ်စကီး (Мойковский) ၊ လာတီမာတီ ၊ ပယ် ရီရီပါဒီ ၊ ဒါစ်တိုယက်ဗ်စကီး (Достоевский)တို့ ၏ နာမည်ကျော် ကဗျာ များ ကို ရွတ်ပြခဲ့သည်။ ပုရှကင် ရဲ့ ဆိုက်ဗီးရီးယားသို့ ဆိုတဲ့ကဗျာလေးကို ကျွန်တော် အတော် စွဲလန်းခဲ့တယ်—-လို့ သူပြောပြသည်။

ဆိုက်ဗီးရီးယားသို့—-
လေးလံလံ သံခြေကျင်းများ ပြုတ်ကျရမယ်—
ထောင်တွေပြိုလဲကျရမယ်–လွတ်လပ်ခြင်းဟာ —
သင်တို့ကို တံခါးဝက ဝမ်းပန်းတသာ ကြိုနေမယ်–
ညီနောင်များက သင်တို့ကို ဓါးတွေပြန်နှင်းကြမယ်—-

ကဗျာဆရာ ဘိုင်ရွန်၏ နာမည်ကျော် ကဗျာ ၂ပုဒ်ဖြစ်သည့် ဒေါန်ဟွန် နှင့် ဂရိတော်လှန်ရေး ကဗျာ ကိုလည်း ရွတ်ပြသည်။ ကဗျာဆရာ ဘိုင်ရွန် ရဲ့ ချစ်သူဟာ ပင်လယ် ကမ်းခြေ တခု မှာ မြင်းစီး ထွက်လာတယ် အမှတ် မထင်ပဲ အသုဘ တခု ဖြတ် သွားတယ် လေ –ဘိုင်ရွန်ရဲ့ ချစ်သူ ဘစ်စမတ် က ပြောတယ်–မနက် အစောကြီးကွယ်–နှင်းတွေ ကလည်းကျ လို့–အသုဘ ကလည်း လူနည်းလိုက်တာ—– လို့ ညည်းရှာတယ် တဲ့— သူတို့ နဲ့ အသုဘ က တဖြေးဖြေး ဝေးသွားတော့ အထိန်းတော် လေးက ပြောရှာ တယ် အဲဒါ အညတရ အသုဘ မဟုတ်ဘူး သခင်မလေး ရဲ့ နာမည်ကျော် ကဗျာဆရာ ဘိုင်ရွန်ရဲ့ အသုဘ ပါ တဲ့ ချစ်သူတွေ ရဲ့ ကြေကွဲဖွယ်ရာတွေ ကို ကျမ နားထောင်ရင်း နာနာကျဉ်ကျဉ် မျက်ရည်ဝဲ မိသည်။

တည်ငြိမ်စွာ စီးဆင်း နေသည့် ဧရာဝတီ က တော့ ခန့်ထည်နေလျက်ပါ ရာဇဝင်အဆက်ဆက် ကို ဧရာဝတီ က အ သိ ဆုံးပါ ဟု ပြောနေသယောင်။ ရွှေစည်းခုံ သို့ ရောက် တော့ သူ ကျမ ကို ရှင်းပြသည်။ အနော် ရထာဘုရင်ဟာ ရွှေစည်းခုံကို စတင် တည်ဆောက်ရာ မှာ သီဟို ပုံဖြစ် တဲ့ ဟာမိကာ ခေါ် ဓါတ်တော်တိုက် ကို ပယ်တယ်– ။ အဲဒီ ဓါတ်တော်တိုက် ကိုတော့ ဆပဒမ ထေရ် တည်တဲ့ ဆပဒစေတီ မှာပဲ တွေ့ရတယ်။ သီဟိုဘုရား တွေက ဟာ မိကာ ကို မဖျောက် ဘူး ဆက်လက် ထိမ်းသိမ်း ထားကြတယ်- အနော်ရထာ ကတော့ သူ့ကောင်းမှုတော်တွေ မှာ ဟာမိကာ သီဟိုပုံ ကို ပယ်တယ် အနော်ရထာရဲ့ ကောင်းမှုတော်တွေ ကတော့ မောင်ဒီဘုရား ၊ မြင်းကပါ စေတီရှင် ပင်သာ လျောင်း ၊ ရွှေဆံတော် ၊ လောကနန္ဒာ ၊ ရွှေစည်းခုံ တို့ဖြစ်တယ်။ ပုဂံမှာ အနော် ရထာ ဘုရင် မ တိုင်ခင်က နဲ့ အနော် ရ ထာမင်း လက်ထက် တွေမှာ ပုဂံပြည်သား တို့ ဟာ စေတီပုထိုး ၊ ဂူဘုရား တွေ တည် ဆောက် ခဲ့ကြတာ ပေါ့။

သရေခေတ္တရာ မှာ ၇ရာစုနှစ်က တည်ဆောက်ခဲ့တဲ့ ဘောဘောကြီးဘုရား ၊ ပုဂံ ခေတ်ဦး ပျူစောထီး ပုံပြင်နဲ့ ဆက်စပ်နေ တဲ့ ဗူးဘုရား ၊ ငကျွဲနားတောင်း တို့ဟာ ရှေးကျ တဲ့ ပုထိုးပုစံ တွေဖြစ်တယ် သူ ရှင်းပြနေသော ပုဂံ ဘုရား များ အကြောင်း ကျမ စိတ်ဝင် တစား နား ထောင် နေမိသလို ဒီနားလေး က အသိအိမ် မှာ ပတ္တလား ရှိ တယ် မ–ကို ကျွန်တော် ပုဂံထိပ်ထား ဘုန်းတော် ဘွဲ့ပတ်ပျိုး တပုဒ် ပတ္တလားတီးပြီး ဆိုပြမယ် ဟုပြောသော အခါ ဂီတာတီး ပြီး သီချင်း ဆိုသူက မဟာဂီတ နှင့် ကျွမ်းဝင်နေသည် ကို ကျမ ထူးဆန်းနေသည် ကတော့အမှန်ပါ ။ သူ့ မိတ်ဆွေ ၏ ပတ္တလား ကို ယူလာပြီး သူ ပတ္တလားတီးကာ သီချင်း ဆိုပြခဲ့သည်။

သိင်္ဂါ ရွှေရောင် ၊ ထိန်ဝါဝေပြောင်နန်း ၊ ဆောင်ဆောင်ခန်း ၊ မန်းဘုံဘွေ ၊ ဝင်းဝေလျှံ ၊ စံတည်ရာဖဲငယ်လို ၊ သဲ ငွေပြန့် ၊ ဖဲရွှေညံ့ပိန်း ၊ စိမ်းရောင်စို ၊ တောင်ညိုမြမှိုင်း ၊ သီတာခွေလို့ ၊ ရေပတ်လည်ဝိုင်း၊ တိုင်းသာဘုံခန်း ၊ ဆန်း ထွေလာ ၊ စိန်ကြောငိနီလာ ဖလ်ပြာခဲ ၊ သန္တာဆွဲတဲ့ ပုလဲသွယ် ၊ လနှယ်နေလို ၊ ဝင်းလို့ဆန်း ၊ နတ်ကယ်စံအိမ် တွေး ဘွယ့်ချိန်၊ ဝတိံ ဘုံစံ ၊ ဘုန်းရှင့်နန်း ၊ သနားဘွယ် ၊ ရွှေလည်သောင်းရံ ၊ သာလွန်ကျူးလို့ပျော်မြူးစံ ၊ ရွှေ ကံတိုး ၊ ဖြိုးဝေဝေ ၊ သပြေဒီပါ ၊ ဘုန်းဖြန့်မြန်း ၊ စုံလမ်း ၊ ငုံလျှမ်း ၊ ဒုမ္မာပန်း ၊ ဘုံကြာခန်းက ၊နန်းကြာသူ ၊ ပြာဖြူ ဝါရွှေ ၊ ဝင်းလို့ညီး ၊ ထီးကျွန်တော်ခံ ၊ ညာစံရှင့်ဘိုး ၊ တိုင်းရွှေ ပြည်သာလှ ၊ ညာခ မိုး ၊ ဒီပါ သောင်း ယံ စံနန်းရိုး။

ကျမ အတွက် ပုဂံ ဟာ လွမ်းမောစရာတွေ ချည်း ပါပဲလေ——–။

var VideoID = “240_song”; var Width = 425; var Height = 344;

var VideoID = “240_song”; var Width = 425; var Height = 344;